
Watch Johnny & Clyde Full Movie
ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။ အဲဒီကာစီနိုကို ဦးစီးတဲ့လူက မီဂန်ဖောက်ရဲ့ ဇာတ်ကောင်။ သူလည်း အရူးပဲ။ သတ်ချင်တဲ့လူကို သတ်ချင်သလိုသတ်နေတဲ့အပြင် ကာစီနိုကို ကာကွယ်ဖို့ ဟိုးရှေးကတည်းက ရှိနေတဲ့ နတ်ဆိုးလိုလို သေမင်းလိုလိုတစ်ကောင်ကို အောက်လမ်းနဲ့ ထိန်းချုပ်ပြီး ခိုင်းထားတယ်။ဒီမှာ ဓားပြလာတိုက်ချင်နေတဲ့ အရူးတစ်အုပ်နဲ့ ကာစီနိုကိုဦးစီးနေတဲ့ အရူးတစ်အုပ် အရူးချင်းဆော်ကြတာကိုမှ နတ်ဆိုးက ဝင်မွှေးထားသေးတဲ့ အရူးဇာတ်ပါပဲ